TOP-J စာမေးပွဲအကြောင်းနှင့် မေလအတွက် TOP-J လျှောက်လွှာတင်ခြင်း

ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ နှစ်စဉ်ပြုလုပ်နေကျ ဂျပန်စာမေးပွဲတွေထဲက TOP-J လို့ခေါ်တဲ့ စာမေးပွဲအကြောင်းကို မျှဝေပေးချင်ပါတယ်။ TOP-J (TOP Japanese) ဆိုတာ ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ချင်တဲ့သူတွေ၊ စကော်လာရှစ်လျှောက်ချင်တဲ့သူတွေ၊ အလုပ်သွားလုပ်ချင်တဲ့သူတွေအတွက် များစွာ အသုံးဝင်တဲ့ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲတစ်မျိုးပါ။

ဒါကြောင့် TOP-J ကို သေချာမရင်းနှီးသေးတဲ့သူတွေအတွက် စာမေးပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

TOP-J ဆိုတာဘာလဲ?

TOP-J ဆိုတာ ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ အသိအမှတ်ပြုထားပြီး The Asian Foundation for International Scholarship Interchange မှ ၂၀၀၈ ခုနှစ်မှာ စတင် ကျင်းပပြုလုပ်တဲ့ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပါတယ်။

TOP-J အရည်အချင်းသတ်မှတ်ချက်

TOP-J မှာ N1~N5 Level သတ်မှတ်တာမျိုး မဟုတ်ဘဲ SHOKYU (Basic), CHUKYU (Intermediate), JYOKYU  (Advance) ဆိုပြီး Level (၃) မျိုးရှိပါတယ်။ Level တစ်ခုချင်းစီမှာ အဆင့် A, B, C ထပ်ပြီး ခွဲထားတာကြောင့် စုစုပေါင်း Level (၉) ခု ရှိပါတယ်။

SHOKYU (Basic) = JLPT N4~N5 Level

SHOKYU-A : နေ့စဉ်ကြုံတွေရသော ပုံမှန်ပတ်ဝန်းကျင်အခြေအနေတွင် အခက်ခဲမရှိ Reading စွမ်းရည်ရှိ သော Level

SHOKYU-B : အခြေခံအဆင့် ဂျပန်စာစကားကို နားလည်နိုင်သော Level

SHOKYU-C : လွယ်ကူသော ဂျပန်စကားများကို အသုံးပြု၍ နုတ်ဆက်စကားအပြန်အလှန်ပြောနိုင်သော Level

ဂျပန်ကို ပညာတော်သင်သွားနိုင်တဲ့ အသိမှတ်ပြု Level မှာ SHOKYU-A (JLPT N4) ဖြစ်ပါတယ်။

CHUKYU (Intermediate) = JLPT N2~N3 Level

CHUKYU-A : ဂျပန်ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်သော Level

CHUKYU-B : ဂျပန်ရှိ အလယ်လတ်တန်း ပုဂ္ဂလိကတက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင် သော Level

CHUKYU-C : ဂျပန်ရှိ နည်းပညာကောလိပ်များ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်သော Level

JYOKYU (Advance) = JLPT N1 (or) Above

JYOKYU-A : ဂျပန်ကုမ္မဏီများတွင် အခက်အခဲမရှိ အလုပ်လုပ်နိုင်သော Level

JYOKYU-B : မြန်မာနိုင်ငံမှတိုက်ရိုက်ဂျပန်ရှိနာမည်ကြီးအစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များသို့ ပညာသင်သွားရောက်နိုင်သော Level

JYOKYU-C : ဂျပန်ရှိ အစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်သော Level

စာမေးပွဲကျင်းပသောအချိန်

မြန်မာနိုင်ငံတွင် ဒီစာမေးပွဲကို တစ်နှစ်မှာ ၆ ကြိမ် (January , March , May , August, September, November) လတွေမှာ ကျင်းပပါတယ်။ TOP-J စာမေးပွဲလျှောက်လွာကို MAJA တွင် လက်ခံဆောင်ရွက်ပေးပါတယ်။

အားသာချက်

စာမေးပွဲကို တစ်နှစ်မှာ (၆) ကြိမ် ကျင်းပတဲ့အတွက် ဂျပန်သွားဖို့ အလျင်လိုနေတဲ့သူတွေအနေနဲ့ JLPT ဖြေဖို့ မမီလိုက်ရင် အဆင်ပြေပါတယ်။

TOP-J ကို ၂၀၂၄ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုလိုသူတွေဟာ အောက်ဖော်ပြပါ သတ်မှတ်ချက်အတိုင်း လျှောက်ထားနိုင်ပါတယ်။

၁။ စာမေးပွဲကျင်းပမည့်ရက်

– ၂၀၂၄ခုနှစ်၊ မေလ(၁၂)ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ

– ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေး

– ၅၀,၀၀၀ ကျပ်

၄။ ကျင်းပမည့်စာမေးပွဲအဆင့်

– Basic (N4+N5), Intermediate (N3+N2), Advance (N1)

၅။ လျှောက်လွှာလက်ခံကာလ

– ၁.၄.၂၀၂၄ ရက်နေ့ မနက် ၁၀နာရီ မှ ၁၂.၄.၂၀၂၄ ရက်နေ့ ညနေ ၄နာရီ အတွင်း
လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လာရောက်လျှောက်ထားနိုင်ပါသည်။

၆။ လျှောက်ထားရန်လိပ်စာ

– MAJA Education Centre (ရန်ကုန်)
အမှတ်(၆၈၂/၆၈၃)၊ ဒုတိယထပ်၊ သစ္စာလမ်း၊(၆)ရပ်ကွက်၊ ပုဏ္ဏမီ မှတ်တိုင်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။  09-428 613 848

– MAJA Office (Mandalay Branch) (မန္တလေး)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊  မန္တလေး။ 09- 255 162 533

၇။ လျှောက်ထားရန်လိုအပ်ချက်

– မှတ်ပုံတင်မိတ္တူ (၁)စောင်၊ ၃x၄ စင်တီမီတာ ဓါတ်ပုံ ၂ပုံ

အသေးစိတ်အချက်အလက်ကို စုံစမ်းမေးမြန်းလိုပါက စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ကို အောက်ပါလင့်ခ်မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

>> https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA

စာမေးပွဲရလဒ်ကိုတော့ စာမေးပွဲဖြေဆိုပြီး (၂) ပတ်အကြာမှာ TOP-J Website မှ ကြေငြာပေးပါတယ်။ အသေးစိတ်အမှတ်စာရင်းကိုလည်း ထုတ်ယူနိုင်ပါသေးတယ်။

>> https://www.topj-test.org/?fbclid=IwAR0UGqqyglHlcAI9aHX2Rs5YUbZfPVYEAWIT8OXR53a5lOuaDjVdQMUE3vc_aem_Ac4xT7EJKQfSKGb_FgzDA-m9DWZ5U-2rQ4xwuNQmKStyUJixAMNNrB32yvYWtvgzrmy2MG8PdLoTd72b2Ezs-ezM

Related Article : ဂျပန်စာအခမဲ့လေ့လာနိုင်သော Free Website များ>>

https://www.edge.com.mm/article/-free-website.html

April 7, 2024
© Copyright 2022 | Developed By Impulse International.