မြန်မာနိုင်ငံမှာ အထက်တန်းပညာရေးမပြီးဆုံးသေးသူများအတွက် U.S.A. မှ International High School Diploma နှင့်ညီမျှသည့် GED
Requirements သတ်မှတ်ချက်များ
တက်ရောက်သင်ယူမည့်ကျောင်းသား/သူများ ၏ English Level အဆင့်မှာ အနိမ့်ဆုံး Intermediate level ရှိရမည်။
G E D Exam ( U.S.A.) ဖြေဆိုချိန်တွင် စာမေးပွဲဖြေသူမှာ အသက် (၁၆) နှစ်ရှိနေရမည်။
GED ဆိုတာ……
G E D သည် General Education Development ဖြစ်ပြီး U.S.A. နှင့် CANADA နိုင်ငံတို့ ၏ အထက်တန်း(၁၂)တန်းပညာရေး နဲ့ ညီမျှသည်ဟု တရားဝင်သတ်မှတ်ခြင်းခံထားရတဲ့ Course တခုဖြစ်ပါတယ်။
G E D တွင် သင်ကြားရမည့်ဘာသာရပ် (၄)ခု …..
- Reasoning Through Language Arts
- Social Studies
- Science
- Mathematical Reasoning
GED Online Classကို ဘယ်သူတွေတက်ရောက်နေပါသလဲ?
- ( ၉ ) တန်း မှစပြီး အထက်တန်းပညာရေး မပြီးဆုံးသေးသူများ..
- တက္ကသိုလ်ဝင်တန်းအောင်ရမှတ်နည်းသူများ…
- နိုင်ငံတကာတက္ကသိုလ်ကျောင်းများတက်ရောက်ရန်အတွက် ပညာသင်နှစ် (၁၂) တန်း လိုအပ်သူများ…
- U.S.A. နှင့် CANADA အစရှိသော နိုင်ငံကြီးများရှိ College & University များသို့တက်လှမ်းနိုင်ရန်အတွက် ဝင်ခွင့်သတ်မှတ်ချက် ပြည့်မှီသူများ…
- IGCSE Grading မျှော်မှန်းထားသလောက် Result မပြည့်မှီသူများ…
- U.S.A. အပါအဝင် နိုင်ငံတကာတွင်အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းပြုလိုသူများ… တက်ရောက်သင့်ပါတယ်။
G E D Test ဖြေဆိုရာတွင်သိထားရမည့်အချက်များ…
G E D Test သည် ONLINE မှ ဖြေဆိုရမည့် Test ဖြစ်ပြီး Exam Fee မှာ တစ်ဘာသာကို (75 )USD သာပေးသွင်းရပါမယ်။
ဖြေဆိုပြီး မိမိ ရလဒ်ကို ( မိနစ် ၃၀ )မှ (၂၄ နာရီ ) အတွင်း သိနိုင်ပါတယ်။
အမှတ်သတ်မှတ်ချက်များ
- Grading 145 [Passing Score]
- Grading 165 – 174 [College Ready]
- Grading 175 – 200 [College Ready + Credit]
မှတ်ချက်။ အချို့သော တက္ကသိုလ်အနည်းအကျဉ်းကတော့ G E D နဲ့တင် မလုံလောက်ပါ။ မိမိလျှောက်ထားမယ့် ကောလိပ် (သို့) တက္ကသိုလ်ရဲ့ ဝင်ခွင့်လိုအပ်ချက် နောက်ဆုံးအခြေအနေကို ကြိုတင်လေ့လာသိထားဖို့ လိုအပ်ပါမယ်။
