U.S.A. မှ International High School Diploma နှင့် ညီမျှသည့် GED

မြန်မာနိုင်ငံမှာ အထက်တန်းပညာရေးမပြီးဆုံးသေးသူများအတွက် U.S.A. မှ International High School Diploma နှင့်ညီမျှသည့် GED

Requirements သတ်မှတ်ချက်များ

တက်ရောက်သင်ယူမည့်ကျောင်းသား/သူများ ၏ English Level အဆင့်မှာ အနိမ့်ဆုံး Intermediate level ရှိရမည်။
G E D Exam ( U.S.A.) ဖြေဆိုချိန်တွင် စာမေးပွဲဖြေသူမှာ အသက် (၁၆) နှစ်ရှိနေရမည်။

GED ဆိုတာ……

G E D သည် General Education Development ဖြစ်ပြီး U.S.A. နှင့် CANADA နိုင်ငံတို့ ၏ အထက်တန်း(၁၂)တန်းပညာရေး နဲ့ ညီမျှသည်ဟု တရားဝင်သတ်မှတ်ခြင်းခံထားရတဲ့ Course တခုဖြစ်ပါတယ်။

G E D တွင် သင်ကြားရမည့်ဘာသာရပ် (၄)ခု …..

  • Reasoning Through Language Arts
  • Social Studies
  • Science
  • Mathematical Reasoning

GED Online Classကို ဘယ်သူတွေတက်ရောက်နေပါသလဲ?

  • ( ၉ ) တန်း မှစပြီး အထက်တန်းပညာရေး မပြီးဆုံးသေးသူများ..
  • တက္ကသိုလ်ဝင်တန်းအောင်ရမှတ်နည်းသူများ…
  • နိုင်ငံတကာတက္ကသိုလ်ကျောင်းများတက်ရောက်ရန်အတွက် ပညာသင်နှစ် (၁၂) တန်း လိုအပ်သူများ…
  • U.S.A. နှင့် CANADA အစရှိသော နိုင်ငံကြီးများရှိ College & University များသို့တက်လှမ်းနိုင်ရန်အတွက် ဝင်ခွင့်သတ်မှတ်ချက် ပြည့်မှီသူများ…
  • IGCSE Grading မျှော်မှန်းထားသလောက် Result မပြည့်မှီသူများ…
  • U.S.A. အပါအဝင် နိုင်ငံတကာတွင်အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းပြုလိုသူများ… တက်ရောက်သင့်ပါတယ်။

G E D Test ဖြေဆိုရာတွင်သိထားရမည့်အချက်များ…

G E D Test သည် ONLINE မှ ဖြေဆိုရမည့် Test ဖြစ်ပြီး Exam Fee မှာ တစ်ဘာသာကို (75 )USD သာပေးသွင်းရပါမယ်။
ဖြေဆိုပြီး မိမိ ရလဒ်ကို ( မိနစ် ၃၀ )မှ (၂၄ နာရီ ) အတွင်း သိနိုင်ပါတယ်။

အမှတ်သတ်မှတ်ချက်များ

  • Grading 145 [Passing Score]
  • Grading 165 – 174 [College Ready]
  • Grading 175 – 200 [College Ready + Credit]

မှတ်ချက်။ အချို့သော တက္ကသိုလ်အနည်းအကျဉ်းကတော့ G E D နဲ့တင် မလုံလောက်ပါ။ မိမိလျှောက်ထားမယ့် ကောလိပ် (သို့) တက္ကသိုလ်ရဲ့ ဝင်ခွင့်လိုအပ်ချက် နောက်ဆုံးအခြေအနေကို ကြိုတင်လေ့လာသိထားဖို့ လိုအပ်ပါမယ်။

December 25, 2021
© Copyright 2022 | Developed By Impulse International.