Fulbright Scholarship ဆိုတာ အမေရိကန်အစိုးရက မြန်မာထူးချွန်ဘွဲ့ရကျောင်းသားတွေအတွက် Master တက်ရောက်ဖို့ ကုန်ကျစရိတ်အားလုံးကို အပြည့်အ၀ ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု ဖြစ်ပါတယ်။
Fulbright Scholarship က ခေါင်းဆောင်မှုစွမ်းရည်၊ ပညာအရည်အချင်း၊ ရင့်ကျက်တည်ငြိမ်မှု၊ လိုက်လျောညီထွေရှိမှုတို့ကို အခြေခံပြီး ရွေးချယ်ပေးအပ်သွားမယ့် Merit-based ပညာသင်ဆု ဖြစ်ပါတယ်။
ဒီပညာသင်ဆုကို အမေရိကန်အစိုးရက နှစ်စဉ်နှစ်တိုင်း ပေးအပ်နေကျဖြစ်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Fulbright Scholarship ကို ၂၀၂၅ ခုနှစ်၊ မေလ (၃) ရက်အထိ လျှောက်ထားနိုင်ပါတယ်။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်
- အနည်ဆုံး ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရပါမယ်။ (မဟာဘွဲ့ရပြီးသူတွေလည်း လျှောက်ထားနိုင်ပါတယ်။)
- Academic Background ကောင်းမွန်သူဖြစ်ရပါမယ်။
- TOEFL အမှတ် 575 (paper based) (သို့) 90 (internet-based) ရှိရပါမယ်။
- လျှောက်ထားမယ့် ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ဘွဲ့ရရှိထားသူ (သို့) အလုပ်အတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။
- US မှာ နေထိုင်ဖူးသူ၊ အလုပ်လုပ်ဖူးသူ၊ ကျောင်းတက်ဖူးသူ မဖြစ်ရပါ။
- US ဘွဲ့ဒီဂရီ ကိုင်ဆောင်ထားသူ မဖြစ်ရပါ။
လျှောက်ထားနိုင်မယ့် ဘာသာရပ်များ
- အမေရိကန်နိုင်ငံရဲ့ ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာရပ်ကိုမဆို လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆု အကျိုးခံစားခွင့်များ
- ကျောင်းစရိတ်
- လစဉ် နေထိုင်စားသောက်စရိတ်
- ကျန်းမာရေးစရိတ်
- ခရီးစရိတ်
- စာအုပ်နဲ့ တခြားလိုအပ်ချက်များ
- Fulbright Activites တွေ တက်ရောက်နိုင်မယ့် အခွင့်အရေး
လိုက်နာရမယ့် စည်းကမ်းချက်များ
- J-visa လိုအပ်ချက်အရ Master ဘွဲ့ရပြီးတာနဲ့ ကိုယ့်နိုင်ငံကို အနည်းဆုံး (၂) နှစ် ပြန်ကိုပြန်ရပါမယ်။
- လျှောက်လွှာဖြည့်တဲ့အခါ AI ကို အသုံးမပြုဘဲ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အတွေ့အကြုံတွေကိုသာ ထည့်ရေးရပါမယ်။
လျှောက်ထားရမယ့်ပုံစံ
လျှောက်ထားလိုသူတွေက အောက်ဖော်ပြပါ လျှောက်လွှာကတဆင့် ကိုယ်ရေးအချက်အလက်အပြည့်အစုံ ဖြည့်စွက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြပေးရမှာ ဖြစ်ပါတယ်။
>> https://apply.iie.org/apply/
စုံစမ်းမေးမြန်းစရာတွေ ရှိပါက အမေရိကန်သံရုံး (မြန်မာ) ဖုန်း (01-7536509, Ext. 4371) (သို့) RangoonUSECA@state.gov တို့ကို ဆက်သွယ်နိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
>> https://mm.usembassy.gov/fulbright-foreign-student-scholarship/?
