US မှာ ဘွဲ့ကြိုသင်တန်းတက်ဖို့ ပညာသင်ဆု ရှာဖွေနေလား?

 

အမေရိကန်နိုင်ငံမှာ ဘွဲ့ကြိုပညာသင်ဖို့ စကော်လာရှစ် ရှာဖွေနေတဲ့ မြန်မာကျောင်းသားတွေအတွက် လက်လွှတ်မခံသင့်တဲ့ စရိတ်ငြိမ်း ပညာသင်ဆုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ Ivy League တက္ကသိုလ် (၈) ခုထဲမှာ ပါဝင်တဲ့ Dartmouth College ကနေ ဖွံ့ဖြိုးဆဲနိုင်ငံက အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးသွားမယ့် King Scholars Program ဖြစ်ပါတယ်။

King Scholars Program 

King Scholars Program သည်  မိမိမွေးရပ်နိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ရှေးရှုတဲ့ ဝင်ငွေနည်းကျောင်းသားတွေကို အခွင့်အရေးပေးနေတဲ့ ပရိုဂရမ်တစ်ခုပါ။ King Scholars ရရှိသူတွေဟာ  Dartmouth College မှာ (၄) နှစ်တာ ဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့်ရမှာဖြစ်ပြီး ဘွဲ့ရပြီးက မိမိနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မွေးရပ်မြေမှာ ပြန်ပြီး အလုပ်ဝင်ရမှာဖြစ်ပါတယ်။

Related Article : နှစ်မကုန်ခင် လျှောက်ထားနိုင်တဲ့ ဘွဲ့ကြို/ဘွဲ့လွန်ပညာသင်ဆုများ

>> https://www.edge.com.mm/article/international-scholarship.html

Host Country: United States of America (USA)

Host University : Dartmouth College

Degree Level : Undergraduate

Duration : 4 years

Reward: Tuition Fees | Travel Cost | Laptop | Mentorship

ရွေးချယ်လျှောက်ထားနိုင်တဲ့ ဘွဲ့ကြိုသင်တန်းများ

>> https://home.dartmouth.edu/degrees?

ပညာသင်ဆုရဲ့ အကျိုးခံစားခွင့် 

  • Tuition Fees
  • Health insurance
  • A new computer
  • Dartmouth နဲ့ ကျောင်းသားရဲ့ မွေးရပ်မြေအကြား နှစ်စဉ် ခရီးသွားစရိတ်
  • Mentorship and Leadership Training

ဘယ်သူတွေလျှောက်လို့ရလဲ?

– ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသားတိုင်း လျှောက်ထားလို့ရပါတယ်။

– အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်ရပါမယ်။

– SAT (သို့) ACT ဖြေဆိုအောင်မြင်ထားသူဖြစ်ရပါမယ်။

– ကျောင်းရဲ့ Extracurricular Activities တွေမှာ တက်ကြွစွာ ပါဝင်နိုင်သူဖြစ်ရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

– Application Fee ကင်းလွတ်ခွင့်လျှောက်ရန် ( https://admissions )

– Dartmouth Writing Supplement ရေးရန် ( writing-supplement )

– အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စရင်း (SAT (သို့) ACT)

– TOEFL (သို့) IELTS (သို့) Duolingo English Test (သို့) Cambridge C1/C2 အမှတ်ရလဒ်

– ဆရာမ (၂) ယောက်ရဲ့ ထောက်ခံစာ

– သင့်အကြောင်း ကောင်းစွာသိတဲ့ အကို၊ အမ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်စီမှ ထောက်ခံစာ

– Financial Aid Documents

– Art Portfolio ( term/portfolio )

လျှောက်ထားရမယ့်ပုံစံ

Common App မှာ ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပါ။ ပြီးရင် Dartmouth ရဲ့ “My Colleges” Section ကို သွားပါ။ Application Form မှာ မိမိလျှောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်လျှောက်ထားပြီး ကျောင်းဝင်ခွင့်ရရင် ပညာသင်ဆုအတွက် အကျုံးဝင်ပြီးသားဖြစ်မှာပါ။ ရွေးချယ်လျှောက်ထားမယ့် Course အလိုက် ဝင်ခွင့်လိုအပ်ချက်များ ကွဲပြားနိုင်တာကြောင့် သေချာလေးဖတ်ပြီး လျှောက်ကြဖို့ အကြံပြုပါတယ်။

>> https://apply.commonapp

Deadline

Early Decision – November 1, 2024

Regular Decision – February 1, 2025

December 9, 2024
© Copyright 2022 | Developed By Impulse International.