Web Development ဘာသာရပ်ကို လေ့လာမယ်ဆိုရင် ဒါလေးတွေသိထားရပါမယ်

(1) HTML/CSS

Web Developer တစ်ယောက်အနေနဲ့ အခြေခံ coding ပိုင်းနဲ့ markup language ကိုတော့ မဖြစ်မနေ တတ်မြောက်ထားဖို့လိုပါမယ်။ Markup languageတွေ အားလုံးထဲမှာ HTML က standard အဖြစ်ဆုံးပါ။ ကျွန်တော်တို့တွေ့ဖူးသမျှ website အားလုံးနီးပါး HTML ပါပါတယ်။ Websiteရဲ့ function တွေဟာ web developerရဲ့ HTML skill ပေါ်မှာ အများကြီး မူတည်ပါတယ်။

နောက်ပြီး website ကို design အလှဆင်ဖို့ CSS ကို သိထားရပါမယ်။ HTML နဲ့ CSS ကို တွဲသုံးရမှာမို့ မဖြစ်မနေ သိထားရပါမယ်။ HTML document တွေကို လှပတဲ့ website အဖြစ်ပြောင်းလဲနိုင်စွမ်းရှိသူက CSS ပါ။ Websiteရဲ့ fontတွေ၊ colorတွေ၊ layout အားလုံးကို CSSနဲ့ အလှဆင်ပါတယ်။ HTML က website ရဲ့ အရိုးအကျောဆိုရင် CSSက Website ရဲ့ အရေပြားအသားအရေ လို့ ဆိုရပါမယ်။ Web Development ရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်လို့ HTMLရော CSSရော အပေါ်ယံပဲ မလုပ်ပါနဲ့။ အရမ်းအရေးကြီးပါတယ်။

(2) JavaScript

HTML နဲ့ CSS ကို အရမ်းပိုင်သွားပြီဆိုရင်တော့ Javascript ကို လေ့လာသင့်ပါတယ်။ Javascript ဟာ programming languageတွေထဲမှာ higher level programming language တစ်ခုပါ။ Website တွေကို ပိုပြီး interactive နဲ့ functional ဖြစ်စေပါတယ်။ Websiteရဲ့ user experience ကောင်းဖို့အတွက် javascript ကို သုံးလို့ရပါတယ်။ Website ထဲမှာ special featureတွေကို javascript နဲ့ တိုက်ရိုက်ရေးလို့ရမယ်။ ဥပမာ search barတွေ၊ social media share buttonတွေ၊ ဒါတွေကို javascript နဲ့ ရေးပါတယ်။ HTML က website ရဲ့ အခြေခံဖြစ်ပြီး javascript က function ပိုစုံပြီး ပြည့်စုံတဲ့ website အဖြစ် ပြောင်းလဲစေမှာပါ။

(3) PHP

​Langauge of the internet လို့ နာမည်ကြီးတဲ့အထိ PHPကို သုံးကြတာပေါ့ဗျာ။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာရှိတဲ့ websiteတွေရဲ့ 80%ကျော်လောက်ကို PHP programming language နဲ့ ရေးထားတာပါ။ ဟုတ်ပါတယ်။ PHP နဲ့ပါ။

အချိန်ကြာလာလေလေ ပိုပြီး အောင်မြင်ကျော်ကြားလာလေလေပါပဲ။ Back-end Developer တိုင်းအတွက် လေ့လာလို့အကောင်းဆုံးလို့ ပြောလို့ရတဲ့ languageအဖြစ် ရပ်တည်နေဆဲပါ။ လေ့လာရတာ အရမ်းလွယ်ကူပြီး၊ လက်တွေ့အသုံးချဖို့လည်း တော်တော်လေး လွယ်ကူပါတယ်။ အဲဒီလို လွယ်ကူတဲ့အချက်တွေကြောင့်ပဲ အောင်မြင်လာခဲ့တာပါ။

လေ့လာမယ်ဆိုရင်တော့ up to date ဖြစ်တဲ့ courseတွေကိုပဲ လေ့လာပါ။ အရင် version အဟောင်းနဲ့ အခု versionအသစ် (php 7) မှာ တော်တော်လေး ကွဲပြားနေတာတွေ ရှိပါတယ်။ ဝမ်းသာစရာကောင်းတဲ့အချက်က သင်တန်းတွေ အားလုံးနီးပါးက up to date ဖြစ်ကြပါတယ်။

(4) Java

ဘာကြောင့် java ကို ဒီထဲမှာ ထည့်လိုက်လဲဆိုရင် အရင်အချိန်တုန်းက javaဆိုတာ web development ရဲ့ အဓိက အစိတ်အပိုင်းအဖြစ် နှစ်တော်တော်များများ ရပ်တည်ပေးခဲ့ဖူးပါတယ်။ Java ဟာ old language တစ်ခုဖြစ်ပြီး အခုချိန်ထိ နယ်ပယ်တော်တော်များများမှာ သုံးနေကြတာတွေ့ရပါတယ်။ Web Development နယ်ပယ်မှာဆို Java ကို responsive နဲ့ fast website design (web app) တွေအတွက် အသုံးပြုနေကြတာတွေ ရှိပါတယ်။

Back-end Developer တော်တော်များများအတွက် မဖြစ်မနေလေ့လာသင့်တဲ့ စာရင်းထဲမှာ ရှိနေပါတယ်။ လေ့လာရတာ တော်တော်လေးလွယ်ကူပြီး အသုံးပြုမှု့အပိုင်းမှာ အရမ်းလွယ်ပါတယ်။ eBay တို့ ၊ Amazon တို့လို အောင်မြင်ပြီး အရမ်းကြီးမားတဲ့ websiteတွေကို javaနဲ့ ရေးဆွဲထားတာပါ။ နောက်တစ်ချက်က javaဟာ ထိန်းသိမ်းရ လွယ်ကူပါတယ်။

java ကို လေ့လာမယ်ဆို javaကို ဘယ်နေရာတွေမှာ သုံးလဲ၊ server-side တွေကို java နဲ့ ဘယ်လိုဆောက်လဲ၊ java နဲ့ အခြေခံ code ရေးတာတွေ၊ စတာတွေအားလုံးကို လေ့လာပါ။

web developer အဖြစ် ရပ်တည်မယ်ဆို front-endလား ၊ back-end လား ၊ full-stack လား၊ ဘယ်အပိုင်းကို သွားချင်တာလဲဆိုတာကို တော့ မိမိဘာသာ ဆန်းစစ်ပြီး ရွေးချယ်ဖို့ လိုအပ်မှာပါ။

အားလုံးဘဲ အဆင်ပြေကြပါစေရှင်။

June 25, 2025
© Copyright 2022 | Developed By Impulse International.