ပညာသင်ဆု လျှောက်တဲ့အခါမှာ ၁၀၀% စရိတ်ငြိမ်း ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးမျိုး ရှာဖွေနေသူတွေအတွက် ဘရူနိုင်းအစိုးရရဲ့ ပညာသင်ဆု အစီအစဉ်ကို မျှဝေပေးသွားပါမယ်။ ဘရူနိုင်းအစိုးရက ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု အစီအစဉ်မှာ Bachelor သာမက Master နဲ့ Diploma ပရိုဂရမ်တွေလည်း ပါဝင်ပါတယ်။
တက်ရောက်နိုင်မယ့် တက္ကသိုလ်များ
- University Brunei Darussalam (UBD),
- University Islam Sultan Sharif Ali (UNISSA),
- University Technology Brunei (UTB),
- Kolej Universiti Perguruan Ugama Seri Begawan (KUPU SB)
- Politeknik Brunei (PB)
ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ပရိုဂရမ်တွေ၊ ဝင်ခွင့် လိုအပ်ချက်တွေကို ဝင်ရောက် လေ့လာပြီး လျှောက်ထားရပါမယ်။
အရည်အချင်း သတ်မှတ်ချက်များ
- Bachelor နဲ့ Diploma အတွက် အသက် (၂၅) နှစ်ထက်မကြီးသူဖြစ်ရပါမယ်။
- Master အတွက် အသက် (၃၅) နှစ်ထက် မကြီးသူ ဖြစ်ရပါမယ်။
- GCE ‘O’ Level မှာ Credit 6 ရှိရပါမယ် (သို့) IGCSE English မှာ Grade C ရှိရပါမယ်။
- အနည်းဆုံး IELTS 6.0 (သို့) TOEFL 550 ရှိရပါမယ်။
- ပထမဆုံးအကြိမ် ဘရူးနိုင်မှာ ကျောင်းတက်မယ့်သူ ဖြစ်ရပါမယ်။
- ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲတွေကို ဖြေဆိုနိုင်ရပါမယ်။
အကျိုးခံစားခွင့်
- ကျူရှင်စရိတ် (including acceptance, examination, registration and orientation fees)
- လေယာဉ်အသွားအပြန်
- လစဉ်ကြေး BND$500
- လစဉ် စားစရိတ် BND$150
- နှစ်စဉ် စာအုပ်ကြေး BND$600
- နေထိုင်စရာ အဆောင်
- အပြန်ခရီးအတွက် Baggage Allowance BND$250
- အာမခံကြေး
လိုအပ်တဲ့ စာရွက်စာတမ်းများ
- မှတ်ပုံတင်
- မွေးစာရင်း
- ပတ်စ်ပို့
- ပညာရေး အောင်လက်မှတ်နှင့် အမှတ်စာရင်များ
- Recommendation Letter (၂) စောင်
လျှောက်ထားရမယ့်ပုံစံ
ပညာသင်ဆုအတွက် အောက်ပါလင်ခ့်ကနေတဆင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။
>> https://apps.katalyst.gov.bn/bdgs-mfabrunei/applicationform
University Brunei Darussalam (UBD) လျှောက်မယ့်သူတွေက https://apply.ubd.edu.bn မှာ လျှောက်လွှာတင်ရမှာဖြစ်ပြီး University Technology Brunei (UTB) လျှောက်မယ့်သူတွေက https://apply.utb.edu.bn/ မှာ လျှောက်ထားရပါမယ်။
ပညာသင်ဆုနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းစရာ တစ်စုံတစ်ရာ ရှိပါက queriesBDGS2025@mfa.gov.bn သို့ အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ် ဖတ်ရှုရန် >> https://www.mfa.gov.bn/
