ဂျပန်နိုင်ငံရဲ့ တက္ကသိုလ် နဲ့ ကောလိပ် ပညာရေးစနစ်က ဘာ‌တွေကွာခြား

ဂျပန်နိုင်ငံကိုကျောင်းသွားတက်ချင်တဲ့သူ၊ ကျောင်းပြီးရင် ဂျပန်မှာဘဲအလုပ်လုပ်မယ်လို့ရည်ရွယ်ထားတဲ့သူတွေ အတွက် ဒီတစ်ပတ်မှာတော့ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်နှင့် ကောလိပ်ပညာရေးစနစ်ကွာခြားပုံအကြောင်း Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊

ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်မယ်ဆိုရင် ရွေးချယ်စရာ လမ်းနှစ်လမ်းရှိပါတယ်၊၊ပထမကတော့大学လို့ခေါ်တဲ့ တက္ကသိုလ်ကို တိုက်ရိုက်သွားမလား၊ဒါမှမဟုတ် 日本語学校လို့ခေါ်တဲ့ ဂျပန်စာကျောင်းမှာ ၂နှစ်ခန့်ဂျပန်စာအရင်သင်ပြီးမှ ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာဆုံးဖြတ်မလားဆိုပြီး ရွေးလို့ရပါတယ်၊၊

မြန်မာနိုင်ငံမှဂျပန်တက္ကသိုလ်တွေကိုတိုက်ရိုက်၀င်ခွင့်လျှောက်ပြီးပညာသင်ကြားနေတဲ့ကျောင်းသားတွေရှိသလို၊ Japanese Language မှာဂျပန်စာအရင်သင်ပြီးမှ နောင်တဆင့် တက္ကသိုလ်(သို့)ကောလိပ်သွားတဲ့ သူတွေလဲရှိပါတယ်၊၊

日本語学校(Japanese Language School)

Japanese Language School ဆိုတာ ဂျပန်မှာကျောင်းတက်၊ အလုပ်လုပ်ချင်တဲ့နိုင်ငံခြားကျောင်းသား ကျောင်းသူတွေအတွက် ဖွင့်လှစ်ထားတဲ့ ဂျပန်စာသီးသန့် သင်တန်းကျောင်းတစ်မျိုးပါ၊၊ ကျောင်း၀င်တဲ့အချိန်ပေါ် မူတည်ပြီး စာသင်နှစ်ကြာချိန်အနည်းငယ်ကွာခြားနိုင်ပေမယ့် ပုံမှန်စာသင်နှစ်ကတော့ ၂နှစ်ရှိပါတယ်။ ၄လပိုင်းကျောင်း၀င်ခွင့်ရတဲ့သူတွေအတွက် စာသင်နှစ် ၂နှစ်ရှိပြီး ၁၀လိုင်းကျောင်း၀င်ခွင့်ရတဲ့သူတွေအတွက် စာသင်နှစ် ၁နှစ် ၆ လရှိပါတယ်၊၊ ဂျပန်စာသင်တန်းကျောင်းမှာတော့ ဂျပန်စာ reading၊ writing၊ listening၊ speaking ၊kanji နှင့် ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုအ ကြောင်းတွေကို အဓိကထားသင်ကြားပေးပြီး နိုင်ငံခြားသားသီးသန့်သင်တန်းကျောင်းဖြစ်တဲ့အတွက် ဂျပန်ကျောင်းသား လုံး၀မရှိပါဘူး၊၊ကျောင်းမတက်ခင် နှစ်အစမှာကိုယ့်ရဲ့ဂျပန်စာအရည်အချင်းအဆင့်ကိုသတ်မှတ်ပေး မယ့် Placement Test လို့ခေါ်တဲ့ စာမေးပွဲဖြေရလေ့ရှိပြီး ကိုယ့်ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး အဆင့်ခွဲကာ သင်ကြားပေးပါတယ်၊၊ဒါအပြင် ဂျပန်စာကျောင်းပြီးသွားတဲ့အခါ ကိုယ်ဘာလုပ်ချင်လဲ ကျောင်းဆက်တတ်မှလား၊ အလုပ်လုပ်မှာလားကိုယ့်ရဲ့ရွေးချယ်တဲ့လမ်းကြောင်းအပေါ်မူတည်ပြီး ကျောင်းကသေချာ support လုပ်ပေးပါတယ်၊၊ဂျပန် ကိုကျောင်းလာတက်တဲ့ မြန်မာကျောင်းသားအများစုကတော့ ဂျပန်စာသင်တန်းကျောင်းကိုအရင်တက်ပြီးမှ တက္ကသိုလ်(သို့)ကောလိပ်တွေကိုသွားလေ့ရှိပါတယ်၊၊

専門学校(College)ပညာရေး

ကောလိပ်နှင့်တက္ကသိုလ်ဘာကွာလဲ၊၊ ဂျပန်နိုင်မှာတော့ တက္ကသိုလ်နှင့် ကောလိပ်ပညာရေးစနစ်ကအရမ်းကိုကွာခြား ပါတယ်၊၊ ကျောင်း၀င်ခွင့်ရဖို့အတွက် ကြိုးစားရတဲ့ပုံစံလည်းလဲမတူသလို သင်ကြားရတဲ့ ဘာသာရပ်တွေကလည်းအ ရမ်းကိုကွာခြားပါတယ်၊၊ ကောလိပ်ပညာရေးစနစ်မှာကျောင်း(သို့)ကိုယ်ယူတဲ့ ဘာသာရပ်တွေအပေါ်မူတည်ပြီး စာသင်ချိန် အနည်းငယ်ကွာခြားလေ့ရှိပေမယ်ပုံမှန်စာသင်နှစ်ကတော့ စာသစ်နှစ် ၂နှစ်ကြာမြင့်ပါတယ်၊၊ တက္ကသိုလ်တွေက သီအိုရီပိုင်ဆိုင်ရာတွေကို အဓိကထားသင်လေ့ရှိပေမယ့် ကောလိပ်တွေက လက်တွေ့ပိုင်းကို အဓိကသင်ကြားပေးပါတယ်၊၊လုပ်ငန်းခွင်၀င်မယ့်သူတွေအတွက်လုပ်ငန်းခွင်မှာအသုံး၀င်မယ့်ဗဟုသုတနှင့် လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုအဓိကထားသင်ကြားပေးပါတယ်၊၊ တက္ကသိုလ်တွေထက် ကျောင်းလခသက်သာတဲ့အပြင် စာသင်နှစ် ၂ နှစ်ပဲရှိတဲ့အတွက်မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲရခဲ့တဲ့သူတွေ၊ လုပ်ငန်းခွင်မြန်မြန် ၀င်ချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်၊၊ အားနည်းချက်အနေနဲ့အလုပ်လျှောက်တဲ့အခါ university students only ခေါ်တဲ့အလုပ်ခေါ်စာတွေမှာ လျှောက်လို့မရနိုင်သလို အလုပ်စစ၀င်ချင်းမှာလည်းတက္ကသိုလ်ကျောင်းဆင်းနှင့်ကောလိပ်ကျောင်းဆင်းတွေအတွက်အခြေခံလစာသတ်မှတ်ချက်လည်းကွားခြားပါတယ်၊၊ တက္ကသိုလ် ကျောင်းဆင်းတွေအတွက် အခြေခံလစာပျမ်းမျှ ဂျပန်ယန်း ၂၀၀၀၀၀ဖြစ်ပြီး ကောလိပ်ကျောင်းဆင်းတွေအတွက် အခြေခံလစာ ပျမ်းမျှဂျပန် ယန်း ၁၈၀၀၀၀ဆိုပြီး သတ်မှတ်ထားပါတယ်၊၊ဒါတွေက အခြေခံလစာ သတ်မှတ်ချက်ဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည်ပြီးလည်း အနည်းငယ်ကွာခြားနိုင်ပါတယ်၊၊

大学(တက္ကသိုလ်ပညာရေး )

တက္ကသိုလ်ပညာရေးနှင့် ကောလိပ်ပညာရေးခြားနားချက်အကြောင်းကိုပြောတဲ့အခါ အရင်ဆုံး သိထားရမှာက တက္ကသိုလ်ဆိုတာဘာလဲ၊ကောလိပ်ဆိုတာဘာလဲဆိုတဲ့အချက်ပါ၊၊တက္ကသိုလ်ကတော့ပညာရပ်တွေရဲ့ သီအိုရီပိုင်းဆိုင်ရာကို အဓိက လေ့လာသင်ကြားပေးတဲ့ အဆင့်မြင့် ပညာရေးစနစ်ဖြစ်ပြီး ကောလိပ်တွေကတော့ အသက်မွေး၀မ်းကြောင်း၊ လုပ်ငန်းခွင်အတွက် အထူးလေ့ကျင့် သင်ကြားပေးတဲ့ ပညာရေး စနစ်ဖြစ်ပါတယ်၊၊ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ပညာသင်နှစ်ကတော့ ပုံမှန်အားဖြင့် ၄နှစ်ကြာမြင့်ပါတယ်၊၊ပင်မတက္ကသိုလ်ကြီးရဲ့အောက်မှာ ဘာသာရပ်ပေါင်းစုံကို လေ့လာသင်ကြားရတာဖြစ်ပြီး ဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တွေလို အဓိက ပညာရပ်တွေကိုဘဲသင်တဲ့ တက္ကသိုလ်တွေလည်းရှိပါတယ်၊၊ တက္ကသိုလ်တွေကို အဆင့်သတ်မှတ်ထားတဲ့အတွက် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ရဲ့ အဆင့်အပေါ်မူတည်ပြီး ၀င်ခွင်စာမေးပွဲလည်းကွာခြားပါတယ်၊၊ မြန်မာပြည်မှာလို ဆယ်တန်းအမှတ်စာရင်းအလိုက်တက္ကသိုလ်တွေသတ်မှတ်ထားတာမျိုးမဟုတ်အတွက် ကိုယ်သွားချင်တဲ့တက္ကသိုလ် အပေါ်မူတည်ပြီး ၀င်ခွင့်ဖြေပြီး အောင်မှ တက္ကသိုလ်တက်ရာက်ခွင့်ရနိုင်ပါတယ်၊၊ ကျောင်းပြီးလို့အလုပ်လျှောက်တဲ့အခါမှာ တက္ကသိုလ်အဆင့်အပေါ်မူတည်ပြီး အနည်းငယ်ကွားခြားနိုင်ပါတယ်၊၊

အားသာချက်အနေနဲ့ သီအိုရီပိုင်ဆိုင်ရာတွေကို အခြေခံကနေ လေ့လာသင်ကြားပေးတဲ့ပညာရေးစနစ်ဖြစ်ပြီးကျောင်းပြီးလုပ် အလုပ်လျှောက်တဲ့အခါမှာလည်း အလုပ်လျှောက်လို့ရတဲ့ နယ်ပယ် ကျယ်ပြန့်တာကြောင့် ကောလိပ်ကျောင်းသားတွေထက် အလုပ်ရှာရတာပိုပြီးလွယ်ကူနိုင်ပါတယ်၊၊ဒါအပြင်ကောလိပ်ကျောင်းဆင်းတွေထက် အခြေခံလစာသတ်မှတ်ချက်လည်းပိုမြင့်တဲ့အတွက် အသက်ငယ်သေးတဲ့သူတွေ၊ မြန်မာပြည်မှာ ဘွဲမရခဲ့သေးတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်၊၊

အားနည်းချက်အနေနဲ့ပညာသင်နှစ်၄နှစ်ရှိပြီးကျောင်းလခတစ်နှစ်ကိုဂျပန်ယန်းသောင်း၁၀၀(သိန်း၁၂၀အထက်)ရှိတဲ့အတွက် scholarship မရဘဲ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာပြီး တက်မယ်ဆိုရင် မလွယ်ကူနိုင်ပါဘူး၊၊ မြန်မာကျောင်း သားအများစုကတော့ ကောလိပ်ကျောင်းကိုသွားလေ့ရှိပါတယ်၊၊

November 11, 2023
© Copyright 2022 | Developed By Impulse International.