ထိုင်းမှာ Hospitality ပိုင်း တက်ရောက်နိုင်မယ့် Scholarship

Dusit Thani College ဆိုတာ နိုင်ငံတကာမှာ အဆင့်မြင့်ကြယ်ငါးပွင့်ဟိုတယ်နဲ့ ဗီလာပေါင်း (၃၀၀) နီးပါး ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံးဟိုတယ်လုပ်ငန်း Dusit Thani Group ကတည်ထောင်ထားတဲ့ Private College တစ်ခုပဲ ဖြစ်ပါတယ်။

အခု ၂၀၂၆ ပညာသင်နှစ်မှာ Dusit Thani College ကနေ “ASEAN and Asia-Pacific Development Scholarship” ဆိုပြီး Hospitality Management နဲ့ Culinary Arts ဘွဲ့ကြိုသင်တန်းနှစ်ခုအတွက် ပညာသင်ဆုပေးအပ်သွားမှာပါ။

တက်ရောက်ရမယ့်တက္ကသိုလ်

  • Dusit Thani College

ရွေးနိုင်တဲ့ပရိုဂရမ် (၂) ခု

  • B.B.A Program in Hospitality Management
  • B.B.A Program in Culinary Arts

ပညာသင်ဆုကာလ

  • (၄) နှစ် (Semester ၈ ခု)

ပညာသင်ဆု (၂) မျိုး

  • Full Tuition Fees
  • 50% Tuition Fees

ဘယ်သူတွေလျှောက်ထားလို့ရလဲ?

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • (၁၂) တန်းအောင်လက်မှတ် (သို့) GED အောင်လက်မှတ် ရှိရပါမယ်။
  • ကျောင်းလခအပြည့်အ၀ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (3) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (650) ရှိရပါမယ်။
  • ကျောင်းလခတစ်ဝက်ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (2.75) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (613) ရှိရပါမယ်။
  • ပြစ်မှုကင်းရှင်းပြီး မူးယစ်ဆေးသုံးစွဲဖူးသူမဖြစ်ရပါ။
  • ကောလိပ်က စစ်ဆေးမယ့် အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲ ရလဒ် ရှိရပါမယ်။

လိုအပ်တဲ့စာရွက်စာတမ်းများ

  • မေဂျာဝင်ခွင့်လျှောက်လွှာ (https://dtc.ac.th/en/courses/international-program/apply)
  • ပညာသင်ဆုလျှောက်လွှာ (ဒေါင်းလုတ်လုပ်ပြီး marketing@dtc.ac.th ကို ပေးပို့ရပါမယ်) (https://dtc.ac.th/en/current-students/scholarship/)
  • (၁) လက်မပတ်လည် ဓာတ်ပုံ (၁) ပုံ
  • ပတ်စ်ပို့
  • အထက်တန်းအောင်လက်မှတ် (၂) စောင်
  • ပြစ်မှုကင်ရှင်းကြောင်းထောက်ခံစာ
  • တခြားအောင်မြင်မှုစာရွက်စာတမ်းများ

နောက်ဆုံးလျှောက်ထားရမယ့်ရက်

  • အောက်တိုဘာ (၃)၊ ၂၀၂၅ ခုနှစ်

အသေးစိတ်ဖတ်ရှုရန်

>> https://dtc.ac.th/en/current-students/scholarship/

June 27, 2025
© Copyright 2022 | Developed By Impulse International.