နိုင်ငံခြားပညာသင်သွားဖို့ အကောင်းဆုံးနိုင်ငံ (ကနေဒါ) အကြောင်း

မင်္ဂလာပါ Learning House Myanmar ရဲ့ ပညာရေးချစ်သူ မိဘ၊ ဆရာ၊ ကျောင်းသား/သူများရှင်။ နိုင်ငံခြားမှာ ပညာသင်ကြားဖို့ စိတ်ကူးထားတဲ့သူတွေအတွက် လက်ရှိအချိန်မှာ အကောင်းဆုံးနဲ့ အခွင့်အလမ်း အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ကနေဒါ (Canada) နိုင်ငံကို မိတ်ဆက်ပေးချင်ပါတယ်။ ဘာကြောင့် ကနေဒါ နိုင်ငံက အကောင်းဆုံးရွေးချယ်မှု ဖြစ်လဲဆိုတာ အောက်မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

၁။ ကမ္ဘာ့အဆင့်မီ ပညာရေးစနစ် (World-Class Education)

ကနေဒါနိုင်ငံဟာ ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်ရှိပြီး ကနေဒါမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေမှာ အမြဲတမ်း ထိပ်တန်းနေရာတွေမှာ ပါဝင်ပါတယ်။ ခိုင်မာတဲ့ ပညာရေးအခြေခံ၊ ခေတ်မီတဲ့ သင်ကြားရေးစနစ်တွေအပြင် လက်တွေ့ကျတဲ့ ပညာရပ်တွေကိုလည်း အလေးထားသင်ကြားပေး တာကြောင့် ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်အတွက် အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။

၂။ လုံခြုံစိတ်ချရပြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင် (Safe & Stable Environment)

ကနေဒါနိုင်ငံဟာ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ ရာဇဝတ်မှု နှုန်းနည်းပါးပြီး နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိတာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် လုံခြုံစိတ်ချ ရတဲ့ ပညာသင်ကြားရာနေရာတစ်ခု ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ ယဉ်ကျေးမှုမျိုးစုံ ပေါင်းစပ် ထားတဲ့ (Multicultural) လူ့အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတကာကျောင်းသားတွေကိုလည်း နွေးထွေးစွာ ကြိုဆိုတတ်ကြပါတယ်။

၃။ ဘွဲ့ရပြီးနောက် လုပ်ငန်းခွင် အခွင့်အလမ်းများ (Post-Graduation Work Opportunities)

ကနေဒါမှာ ပညာသင်ကြားပြီးသူတွေအတွက် Post-Graduation Work Permit (PGWP) လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်ဗီဇာကို ၃ နှစ်အထိ လျှောက်ထားနိုင်ပါတယ်။ ဒါဟာ ကျောင်းသားတွေအနေနဲ့ ကနေဒါမှာပဲ လုပ်ငန်းအတွေ့အကြုံတွေ ရယူနိုင်ပြီး အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) အတွက်ပါ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ပါတယ်။

၄။ ပညာသင်ဆုများနှင့် ကုန်ကျစရိတ် (Scholarships & Cost of Living)

ကနေဒါမှာ ပညာသင်ကြားဖို့ ကုန်ကျစရိတ်က အခြားအနောက်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန် သို့မဟုတ် ဗြိတိန်တို့ထက် ပိုမိုသက်သာပါတယ်။ နိုင်ငံတကာကျောင်းသားတွေအတွက် အစိုးရနှင့် တက္ကသိုလ်များ ကပေးအပ်တဲ့ ပညာသင်ဆု (Scholarships) မျိုးစုံလည်း များစွာရှိတာကြောင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါ တယ်။ တက္ကသိုလ်နှင့် အစီအစဉ်အလိုက် ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။

နေထိုင်မှုစရိတ်: တစ်လကို CAD $1,000 မှ CAD $1,500 (အစားအသောက်၊ သွားလာရေး၊ အဆောင်ခ) ဝန်းကျင်ရှိနိုင်ပါတယ်။ မြို့ကြီးတွေမှာဆို ပိုများနိုင်ပါတယ်။

ပညာသင်ဆုတွေအနေနဲ့ကတော့ Vanier Canada Graduate Scholarships, Banting Postdoctoral Fellowships, Ontario Trillium Scholarship, Lester B. Pearson International Scholarships, University of Toronto Scholarships, McGill University Scholarships စတာတွေအပြင် တက္ကသိုလ်အလိုက် ပညာသင်ဆုများစွာရှိပါတယ်။

၅။ အလုပ်လုပ်ခွင့် (Work while you study)

ကျောင်းသားဗီဇာနဲ့ ကနေဒါမှာ ပညာသင်ကြားနေစဉ်အတွင်း ကျောင်းပိတ်ရက်တွေမှာ အချိန်ပြည့် (Full-time)၊ ကျောင်းဖွင့်ရက်တွေမှာ အချိန်ပိုင်း (Part-time) အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်တာကြောင့် မိမိရဲ့ နေထိုင်စားရိတ်အချို့ကို ကိုယ်တိုင် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

၆။ ကျန်းမာရေးစောင့်ရှောက်မှု (Healthcare)

ကနေဒါနိုင်ငံတကာကျောင်းသားအများစုဟာ ပြည်နယ်အလိုက် ကျန်းမာရေးအာမခံအစီအစဉ်တွေ ရရှိနိုင် တာကြောင့် ကျန်းမာရေးအတွက်လည်း စိတ်ပူစရာမလိုပါဘူး။

Learning House Myanmar အနေနဲ့ နိုင်ငံခြားပညာသင်ကြားဖို့ စိတ်အားထက်သန်သူတိုင်းအတွက် ကနေဒါနိုင်ငံရဲ့ အခွင့်အလမ်းတွေကို ထပ်မံဆွေးနွေး အကြံပေးဖို့ အဆင့်သင့်ရှိပါတယ်။ ပိုမိုသိရှိလိုတာတွေ၊ အသေးစိတ် လမ်းညွှန်မှုတွေ လိုအပ်တယ်ဆိုရင် ကျွန်မတို့ Page ရဲ့ Messenger ကနေ ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင်။

© Copyright 2022 | Developed By Impulse International.