နိုင်ငံခြားပညာသင်သွားမယ်ဆိုရင် အဓိကအားဖြင့်စာရွက်စာတမ်းပြည့်စုံမှုကအရေးကြီးပါတယ်။ စာရွက်စာတမ်းမပြည့်စုံလျှင် ကိုယ်လျှောက်မယ့် ကျောင်းနဲ့ပတ်သက်ပြီး ဖြစ်ဖြစ်၊ visa appointmentမှာပဲဖြစ်ဖြစ်အခက်အခဲတွေပေါ်လာနိုင်ပါတယ်။ ကျောင်းတက်မယ်ဆုံးဖြတ်ပြီးလျှင် ကျောင်းမလျှောက်ခင် 6လ လောက်ကြိုပြီးပြင်ဆင်တာကောင်းပါတယ်။ စာရွက်စာတမ်းပြည့်စုံပီးသားလူကတော့အဲ့လောက်အချိန်မလိုပါဘူး။ စာရွက်စာတမ်း documentsတွေကိုနှစ်ပိုင်းခွဲပြောပါမယ် ကိုယ်ရေးအချက်အလက် personal documents ရယ်၊ ပညာရေး ဆိုင်ရာအချက်အလက် educational documentsရယ်နှစ်မျိုးရှိပါတယ်။
Personal Documents
- မှတ်ပုံတင် (အများစုလက်ထဲမှာရှိကြပါတယ်)
- သန်းခေါင်စာရင်း
- Passport (အထူးသဖြင့် တစ်နှစ်ခွဲလောက်အနည်းဆုံးသက်တမ်းရှိတာပိုကောင်းပါတယ်)
- မွေးစာရင်း (တချို့လူတွေမရှိကြပါ အရေးကြီးတဲ့စာရွက်စာတမ်းပါပဲ) နိုင်ငံတိုင်းလိုလို မွေးစာရင်းက မှတ်ပုံတင်လိုပဲအသက်ပါပဲ ။
ဥပမာ အခြား နိုင်ငံ တတစ် နိုင်ငံက အမျိုးသမီးတယောက် အမေရိကန်မှာ ခလေး မွေးတယ်ဆိုရင် အဲ့အမျိုးသမီးဘယ်နိုင်ငံကလာလာ ဘာလူမျိုးဖြစ်ဖြစ် အမေရိကန် မြေပေါ်မှာမွေးတဲ့အတွက် အဲ့ခလေးက အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။အဲ့တာကြောင့် ကိုယ်ဘယ်နိုင်ငံသားဖြစ်လဲသက်သေထူလို့ ရတဲ့အရာမို့ မွေးစာရင်းက မှတ်ပုံတင်လိုပဲအရေးကြီးပါတယ်။
Personal Documentsတွေက မရှိတဲ့ဟာတွေလုပ်အကုန်လုပ်လို့ရပါတယ်။ ဒါပေမယ့် ယခုခေတ်ကာလ နိုင်ငံရေးအခြေအနေ ၊ COVID အခြေအနေ စသည့်အကြောင်းအရပ်ရပ်ကြောင့် မလိုအပ်ပဲကြန့်ကြာနိုင်ပါတယ်။ Passport ရုံးဆိုလျှင် ယခုမှပြန်ဖွင့်တာသိပ်မကြာသေးတော့ ဖွင့်တဲ့ရက်မှာလူတွေ အများကြီးပြုံတိုးရ နဲ့ စိတ်ပင်ပန်းလူပင်ပန်းကြာရပါတယ်။
ကျွန်တော်အကြံပြုလိုတာက ဒီအချိန်မှာ အစိုးရနဲ့ဆက်စပ်ပြီး လုပ်ရမယ့် စာရွက်စာတမ်းကိစ္စတွေ အမြန်လုပ်တာအကောင်းဆုံးပါ။ အကြောင်းကိစ္စတခုခုကြောင့် ရုံးပိတ်သွားတယ်ဆိုကိုယ့်ဘက်ကဘာမှလုပ် လို့ရမှာမဟုတ်လို့ပါ။
Educational Documents
ပညာရေးနဲ့ဆိုင်ရာတွေကတော့ ကျောင်းလျှောက်မယ့် လူတွေတော်တော်များများသိကြပါတယ်။ဒီနေရာမှာမသိသေးတဲ့လူတွေအတွက် ဗဟုသုတအနေနဲ့ shareချင်ပါတယ်။
- 10တန်း အောင်လက်မှတ်၊ အမှတ်စာရင်း
အမှတ်စဉ် 2ကစပြီး ဘွဲ့ရပြီးသူတွေအတွက်ထပ်မံလိုအပ်တာတွေပါ တက္ကသိုလ်မတက်ရသေးတဲ့လူဆိုရင် အမှတ်စဉ် 1နဲ့တင်ရပါပီ။
- တက္ကသိုလ်ဘွဲ့ လက်မှတ် (ဘွဲ့ရပီးသူဆိုလျှင်)
- တက္ကသိုလ်နှစ်အလိုက်အမှတ်စာရင်း
- Transcript (နှစ်အလိုက်သင်ခဲ့ ဘာသာရပ်တွေဖော်ပြထားတဲ့ စာရွက်ပါ)
- Grading (နှစ်အလိုက် ဘာသာရပ်တွေ ပေါ်မှာရခဲ့ Grades တွေ A+, B or Cစသည်ဖြင့်ပေါ့)
- G.P.A (Grade Point Average) Grade တွေအလိုက် Average တွက်တဲ့ဟာပါ။
အပေါ်က စာရွက်စာတမ်းတွေ ဘယ် တက္ကသိုလ် ဘယ် majorဖြစ်ဖြစ် ထုတ်လို့ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားကျောင်းသွားတက်မယ့် ကျောင်းသားတွေလောက်ပဲ လက်ထဲရှိကြတာများပါတယ်။ အခုမှ နိုင်ငံခြား ကျောင်းစတက်မယ်လို့စပြီး ရည်ရွယ်ထားတဲ့လူတွေ မှာမရှိကြတာများပါတယ်။ မြန်မာနိုင်ငံမှာလဲအလုပ်လျှောက်ရင် ဘွဲ့လက်မှတ်လောက်ပဲ ကြည့်ကြတာများပါတယ်။
အနောက်နိုင်ငံတော်တော်များများ မှာ Grading တို့ အမှတ်စာရင်းတို့ကလဲ အလုပ်လျှောက်မှာအရေးကြီးပါတယ်။ဘွဲ့လက်မှတ်သာမက ဒီစာရွက်စာတမ်းတွေကိုကြည့်ပြီး အလုပ်မှာ၀န်ထမ်းရွေးချယ်ကြတာပါ ။ နိုင်ငံခြားမှာကျောင်းတက်ရင်လဲ Grading ကောင်း အမှတ်ကောင်းရရင် ကိုယ့်ရဲ့ carrier မှာအထောက်အပံကောင်းဖြစ်မှာပါ။ ကျောင်းတက်မယ့်လူငယ်တွေလဲ ကျောင်းလျှောက်မယ့်ကိစ္စတွေမှာကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်အောင် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။ အားလုံးဘဲ အဆင်ပြေကြပါစေရှင်။
