ရန်ကုန်တက္ကသိုလ်မှာ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း တက်ရောက်နိုင်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ရန်ကုန်တက္ကသိုလ်မှ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်းအတွက် ဘွဲ့ရ သင်တန်းသားဦးရေ (၆၀) ခန့် ခေါ်ယူဖို့ရှိပြီး လျှောက်လွှာတွေကို မတ်လ (၂၅) ရက်နေ့မှာ စတင်လက်ခံသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသားဦးရေ (၆၀) ခန့်ကို လက်ခံသင်ကြားပေးမှာပါ။ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူတွေ တက်ရောက်နိုင်ပြီး ဝင်ခွင့်ကို မတ်လ ၂၅ ရက်နေ့မှာ စတင် လျှောက်ထားနိုင်ပါတယ်။

သင်တန်းကာလမှာ ၉ လအပြင် Project Paper လုပ်ရတဲ့ ရက်ပါ ပါဝင်မှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးအောင် တက်ရောက်မယ်ဆိုရင်  ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာ (Diploma in Gem Identification) အောင်လက်မှတ်ကို ရရှိမှာပါ။ သင်တန်းတက်ရောက်ရမည့်နေရာကတော့ အခန်း(M-106) ၊ ဘူမိဗေဒဌာန၊ မန္တလေးဆောင်၊ ရန်ကုန်တက္ကသိုလ်ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ လျှောက်လွှာတင်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ အသေးစိတ်အချက်အလက်တွေကို အထက်ပါလိပ်စာမှာ လူကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ၊ ဖုန်း- ၀၉-၇၇၇၆၈၉၂၁၅၊ ၀၉-၄၂၀၁၆၂၆၅၁ တို့ကို ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

April 7, 2024
© Copyright 2022 | Developed By Impulse International.