Webmail ဆိုတာ Internet ပေါ်ကနေ တစ်ဦးနဲ့တစ်ဦး Information တွေ အပြန်အလှန်ပေးပို့နိုင်တဲ့ E-mail အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် mail ပို့တဲ့အခါတွေမှာ user@gmail.com နဲ့ ပို့လေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ (@companyname.com) ဆိုတာမျိုးတွေ တွေ့ဖူးကြမှာပါ။ အဲ့ဒါကို Webmail လို့ခေါ်ပါတယ်။
Webmail က မိမိလုပ်ငန်းအတွက် ဘယ်လို အကျိုးပြုတယ် လုပ်ငန်းကိစ္စတွေမှာ ဘာကြောင့် Gmail အစား Webmail သုံးသင့်တယ် ဆိုတာ အောက်က အချက်တွေမှာ ဖော်ပြပေးထားပါတယ်။
(@companyname.com ) company name ဆိုတဲ့ နေရာမှာ Company ရဲ့ လုပ်ငန်းနာမည် နဲ့မှသာ ဖွင့်လို့,တာဖြစ်တဲ့အတွက် လုပ်ငန်းနာမည်ကိုပါ တခါတည်း တွဲမှတ်မိနေနိုင်သည့်အပြင် Customer နဲ့ မိမိလုပ်ငန်းကြားမှာ ယုံကြည်စိတ်ချမှု အပြည့်အဝရရှိစေမှာပါ။
Gmail အသုံးပြုပုံနဲ့လည်း ဆင်တူတာမို့ ဝင်ရောက်အသုံးပြုရာမှာ လွယ်ကူရိုးရှင်းလှပါတယ်။
Gmail က လူတိုင်း ဖွင့်လို့ရပေမဲ့ Webmail မှာက မူလပိုင်ရှင်ကိုယ်တိုင်ကသာ ဖွင့်ပေးနိုင်သည့်အတွက် ဆင်တူယိုးမှားပြုလုပ်ခြင်းတွေလည်းရှိမှာမဟုတ်တော့ပါဘူး။
Webmail အသုံးပြုရန် မည်သည့် Software မှ တပ်ဆင်စရာမလိုအပ်ပဲ Internet Browser တစ်ခုသာ လိုပါတယ်။
ဖုန်းနဲ့လည်း အသုံးပြုနိုင်တာကြောင့် အချိန်မရွေး အလွယ်တကူ mail ပို့နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ လုပ်ငန်းအတွက်အသုံးဝင်တဲ့ Webmail အကြောင်း သိသင့်သလောက်သိရှိလောက်ပြီထင်ပါတယ်။
ဒါ့အပြင် Webmail သုံးရာမှာ လိုအပ်တဲ့ Company Name (@companyname.com ) ရှိရုံမျှဖြင့် Webmail သာမက Enterprise Email Service တစ်ခုဖြစ်တဲ့ Google ရဲ့ G Suite နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။
ကျွန်တော်တို့ဟာ လုပ်ငန်းရဲ့ ထုတ်ကုန်တွေတိုးတက်လာစေဖို့ရန်နဲ့ လုပ်ငန်းကြီးအောင်မြင်စွာလည်ပတ်နိုင်ဖို့ရန်အတွက် Software as a service (SaaS) တွေ များစွာ ပုံမှန်သုံးရလေ့ရှိကြပါတယ်။
ဒီလို SaaS တွေထဲကမှ ကျွန်တော်တို့ လက်မလွှတ်တမ်းသုံးသင့်တဲ့ software ကို ညွှန်းပါဆိုရင်တော့ G Suite ကိုပဲ ပြောရပါလိမ့်မယ်။
G Suite ဟာဆိုရင် စီးပွားရေးလုပ်ငန်းရဲ့ Email Solution အတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ G Suite ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက Email တစ်ခုတည်းမဟုတ်ပါဘူး။
သူ့မှာ စီးပွားရေးလုပ်ငန်းအတွက် အသုံးလိုတဲ့ Applications (e.g. Google Calendar, Google Drive, Google Docs, Sheets) တွေနဲ့ တွဲဖက်လုပ်ဆောင်နိုင်တဲ့ Features မျိုးစုံပါရှိပါသေးတယ်။
Features တွေထဲက အများစုကလည်း သင်နဲ့ရင်းနှီးပြီးသား Google Features တွေဖြစ်တာမို့ အသုံးပြုရလည်း အဆင်ပြေစေမှာပါ။
