Hospitality နဲ့ Customer Service ပိုင်းမှာ အသက်မွေးဝမ်းကြောင်းပြုလိုသူတွေ၊ အလုပ်အကိုင် ရှာဖွေနေသူတွေအတွက် Step-in Step-up (SISU) က ဦးစီးပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အခမဲ့ သင်တန်းတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
SISU က သင်တန်းအပြီး အလုပ်ကိုင် ချိတ်ဆက်နိုင်ရေးနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို တိုးတက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။
တက်ရောက်နိုင်တဲ့ သင်တန်း (၂) ခု
- Hospitality Program
- Customer Service Program
ဘယ်လိုလူတွေ တက်ရောက်နိုင်လဲ?
- အသက် (၁၇) နှစ် ပြည့်ပြီးသူ
- သင်ယူချင်စိတ်ရှိပြီး ဘ၀ကို တိုးတက်လိုသူ
- လှိုင်သာယာသို့ နေ့စဉ် သင်တန်းတက်ရောက်နိုင်သူ
ကိုယ်အင်္ဂါ မသန်စွမ်းမှု မပြင်းထန်တဲ့သူတွေနဲ့ အကြားအာရုံ မသန်စွမ်းသူတွေလည်း လျှောက်ထားနိုင်ပါတယ်။
သင်ကြားမယ့် ပုံစံ
- လက်တွေ့၊ လုပ်ငန်းဆိုင်ရာ သင်ရိုးညွှန်းတမ်း
- ကျွမ်းကျင်သူ ဆရာများမှ ဦးဆောင်သင်ကြားပေးမှု
- ကမ္ဘာ့အဆင့်မီ စာသင်ခန်း အဆောက်အဦး
အကျိုးခံစားခွင့်
- သင်တန်းကြေး အခမဲ့
- အခမဲ့ ဆေးစစ်ပေးခြင်း
- လစဉ်ထောက်ပံ့ကြေး
- နေ့လယ်စာ ကျွေးခြင်း
- ယူနီဖောင်း စီစဉ်ပေးခြင်း
- ကြိုဆိုလက်ဆောင်များ ပေးခြင်း
- နားမကြားသူတွေအတွက် လက်သင်္ကေတပြဘာသာစကား စကားပြန် ထားရှိခြင်း
သင်တန်းကာလ
သင်တန်းကာလမှာ (၃) လမှ (၄) လအထိ ကြာမြင့်နိုင်ပါတယ်။
လျှောက်လွှာဖောင်ဖြည့်ရန် >> https://stepinstepupint.org/training-application
