သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု စတဲ့ အနုပညာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေအနေနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အနုပညာဦးစီးဌာနလက်အောက်မှ ရန်ကုန်နှင့် မန္တလေးရှိ အနုပညာအထက်တန်းကျောင်းတွေမှာ စာပေနှင့် အနုပညာ (၃) နှစ်တာသင်တန်းကို စတင်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ဒီအနုပညာအထက်တန်းကျောင်းတွေမှာ အနုပညာဘာသာရပ်ချည်းပဲ သီးသန့်သင်ကြားနိုင်သလို စာပေ(အခြေခံပညာအထက်တန်းအဆင့်) နဲ့လည်း တွဲဖက်သင်ကြားနိုင်ပါတယ်။ ပညာသင်နေစဉ်ကာလမှာ နေထိုင်ရေးစီစဉ်ပေးမယ့်အပြင် သင်တန်းသားတစ်ဦးကို တစ်လ ၃၀,၀၀၀ ကျပ် ထောက်ပံ့ပေးမှာပါ။
သင်တန်းလျှောက်ထားသူများအတွက် အရည်အချင်းသတ်မှတ်ချက်
- ပန်တျာသင်တန်း၏ အနုပညာ (ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း (စနစ်ဟောင်း) (သို့) အဋ္ဌမတန်း – Grade 8 (စနစ်သစ်) အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
- ပန်တျာသင်တန်း၏ စာပေနှင့်အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (စနစ်ဟောင်း) (သို့) န၀မတန်း – Grade 9 (စနစ်သစ်) အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
- ပန်းချီ၊ ပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့် အနုပညာ (ပန်းချီ၊ ပန်းပု) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (စနစ်ဟောင်း) (သို့) န၀မတန်း – Grade 9 (စနစ်သစ်) အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
- ဂီတ (သို့) သဘင် (သို့) ပန်းချီ (သို့) ပန်းပု အခြေခံပညာကို အသင့်အတင့် တက်မြောက်ရပါမယ်။
- အသက် (၁၃) နှစ်မှ (၁၇) နှစ်အတွင်း ရှိရပါမယ်။
သင်ကြားပေးမည့်ဘာသာရပ်
- စောင်း
- ဆိုင်း
- ပတ္တလာ
- ကြိုးတပ် (တယော/မြန်မာဂီတ)
- အဆို/အက
- စန္ဒယား
- နှဲ
- အခြေခံပန်းချီပညာများ
- အခြေခံပန်းပုပညာများ
- အခြေခံပညာအထက်တန်း ဘာသာရပ်များ
သင်တန်းကာလ
၃ နှစ်
လိုအပ်သည့်စာရွက်စာတမ်းများ
- သက်ဆိုင်ရာကျောင်း အောင်လက်မှတ် မိတ္တူ
- ပြစ်မှုကင်းကြောင်း ရဲစခန်းထောက်ခံချက်
- နိုင်ငံသားစိစစ်ရေးကတ် (သို့) သက်ဆိုင်ရာကျောင်းအုပ်ကြီးထံမှ ထောက်ခံချက်
- ကျန်းမာရေးထောက်ခံချက်
- ပတ်စပို့အရွယ် ဓာတ်ပုံ (၂) ပုံ (ကျောဘက်မှာ အမည်နဲ့ လိပ်စာ ပူးတွဲရေးထားပေးရပါမယ်)
လျှောက်ထားလိုသူတွေက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံကို ကိုယ်နေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများ၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တိုင်း/ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာရုံများ၊ ရန်ကုန်နှင့် မန္တလေးရှိ အနုပညာအထက်တန်းကျောင်းများမှာ တောင်းယူနိုင်ပါတယ်။
လျှောက်လွှာများကို ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ အနုပညာဦးစီဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်ကို မေလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး လိပ်မူပေးပို့ရမှာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေကို အနုပညာဦးစီဌာနမှ ဖွဲ့စည်းထားတဲ့ အရည်အချင်းစစ်ဆေးရေးအဖွဲ့များက အခြေခံဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပညာရပ်များကို လူတွေ့ခေါ်ယူစစ်ဆေးမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ အမှတ်(၁၃၁)၊ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၅၆၄၂ နှင့် အနုပညာအထက်တန်းကျောင်း(မန္တလေး)၊ ၂၀-၂၂လမ်းကြား၊ ၆၆လမ်း၊ နန်းရှေ့၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
