၂၀၂၂ ခုနှစ်မှာ လိုအပ်လာမယ့် Skills တွေကို hrforecast.com က အလုပ်အကိုင်ပေါင်း သန်း ၂၀၀ ကျော်ကို လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ပါတယ်။
ဒီ skills တွေဟာ နောက် ၅ နှစ်ခန့်အထိ ဆက်လက်လိုအပ်နေဦးမယ်ဖြစ်ပြီး နည်းပညာတိုးတက်မှုတွေကလည်း ရှိလာဦးမှာဖြစ်တာကြောင့် အလုပ်လုပ်ကိုင်သူတွေအနေနဲ့ ၂၀၂၅ ခုနှစ်လောက်မှာ reskill ပြုလုပ်ဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။
အခုတော့ ၂၀၂၂ ခုနှစ်အတွက် most in-demand skills တွေကဘာတွေများလဲ?
1. Technology
2. Digital Literacy
3. Critical Thinking
4. Self-Management
5. Interpersonal Skills
6. Leadership တို့ပါတဲ့။
သူများတိုင်းပြည်တွေလို တည်ငြိမ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ လိုအပ်မယ့် skills တွေနဲ့ မြန်မာပြည်နဲ့ကတော့ ထပ်တူကျမယ်မဟုတ်ပါဘူး။
ဒါပေမယ့် အနည်းနဲ့အများလိုအပ်တာနဲ့ အချိန်နည်းနည်းနောက်ကျပြီး လိုအပ်တာပဲ ကွာခြားနိုင်ပြီး တချိန်မှာတော့ လိုအပ်လာမှာက အသေအချာပါပဲ။
ဘယ်လို skills တွေ ဘယ်အချိန်လိုအပ်လာမှာလဲဆိုတာ သိဖို့က အရေးပါလှပါတယ်။
So, what now?
သင်တို့ရဲ့ ကုမ္ပဏီ/ အဖွဲ့အစည်းသည် အနာဂတ်အတွက် Future strategy and business development plan တွေ ဦးစွာ ပြုလုပ်သင့်ပါတယ်။
Future plan အရ လိုအပ်လာမယ့် skills တွေကို ဆန်းစစ်ဖော်ထုတ်နိုင်ဖို့ identify the skill gaps ကို ဆောင်ရွက်ရပါမယ်။
ဝန်ထမ်းတွေမှာ လိုအပ်နေတဲ့ skills တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ learning and development plan တွေကို ဆက်လက်ပြင်ဆင်ရမှာပါ။
L & D နဲ့ တဦးချင်းရဲ့ career development opportunities တွေကို အချိတ်အဆက်မိနေပါစေ။
Skill transformation journey ကို စတင်လိုက်ပါ။
တဦးတယောက်ချင်းအနေနဲ့ဆိုရင်လည်း ပြောင်းလဲလာနေတဲ့ နည်းပညာနဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကို အမြဲမပြတ် လေ့လာနေဖို့လိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ စုဖွဲ့မှုနဲ့ ဆောင်ရွက်ပုံနည်းနာတွေကို စေ့ငုနေသင့်ပါတယ်။
ကိုယ့်ရဲ့ career အတွက် လိုအပ်လာမယ့် skills တွေကို ရှာဖွေဖော်ထုတ်ပြီး ဖြည့်ဆည်းလေ့လာသင်ယူနေရမှာဖြစ်ပါတယ်။
မိတ်ဆွေများအားလုံး အလုပ်အကိုင် အခွင့်အလမ်းတွေကို အမိအရ ဖမ်းကိုင်နိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေကြမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
lhm လေးတွေလည်း လေ့လာသင့်တဲ့ ပညာရပ်တွေကို လေ့လာပြီး skills တွေကို ဖြည့်ဆည်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
