၂၀၂၅ မှာ ငွေရှာဖို့အတွက် မဖြစ်မနေတတ်မြောက်ထားသင့်တဲ့ Skill (၅) ခု

ဒီနေ့မှာတော့ Learning House Myanmar မိတ်ဆွေများအားလုံးအတွက် ၂၀၂၅ ခုနှစ်မှာ နည်းပညာ Trend အရ မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ skill (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Artificial Intelligence (AI)

အခုဆိုရင် AI ဟာ အလုပ်အကိုင်ဈေးကွက်ကို အကြီးအကျယ် ပြောင်းလဲပစ်နေတဲ့ နည်းပညာ ဖြစ်ပြီး ၂၀၂၅ မှာ ဝင်ငွေအကောင်းဆုံးနယ်ပယ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

AI ကို အသုံးပြုပြီး အလုပ်တွေ အလိုအလျောက်လုပ်ဆောင်ခြင်း (Automation)၊ စီးပွားရေး လုပ်ငန်းတွေအတွက် AI Strategy ပေးခြင်း ဒါမှမဟုတ် Prompt Engineering လို ကျွမ်းကျင်မှုမျိုးနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် AI Tools တွေကို ကျွမ်းကျင်စွာ အသုံးပြုနည်း၊ သို့မဟုတ် AI နဲ့ Machine Learning ရဲ့ အခြေခံ သဘောတရားများကို လေ့လာထားမယ်ဆိုရင် ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို ဝင်ငွေတိုးပွား အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၂) Data Analysis

ဒီနေ့ခေတ်မှာ ကုမ္ပဏီတိုင်းဟာ သူတို့ရဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက် အချက်အလက်တွေကို ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်မယ့် ပညာရှင်တွေကို လိုအပ်နေပါတယ်။

Data Analyst တစ်ယောက်အနေနဲ့ စီးပွားရေး ခန့်မှန်းချက်တွေ (Forecasting) ပေးခြင်း၊ ဖောက်သည်တွေရဲ့ အပြုအမူကို ခွဲခြမ်းစိတ်ဖြာပြီး ဈေးကွက်မြှင့်တင်ရေး (Marketing) မဟာဗျူဟာတွေ ရေးဆွဲပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် Microsoft Excel/Power BI/Tableau ,SQL, Microsoft Access, Python, R စတဲ့ ပညာရပ်တွေကို လေ့လာထားမယ်ဆိုရင် တကယ့်ကိုဝင်ငွေကောင်းကောင်းရှာနိုင်မှာ အသေချာပါပဲ။

(၃) Digital Marketing

အခုခေတ်မှာ စီးပွားရေးတိုင်းက online ပေါ်ကနေဘဲ ဈေးကွက်ကိုထိုးဖောက်ကြတာဖြစ်လို့ Digital Marketing က တကယ့်ကို လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်။ Freelance အနေနဲ့ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်း အနေနဲ့ ဖြစ်ဖြစ်၊ Social Media Marketing (SMM)၊ SEO (Search Engine Optimization) ၊ Paid Ads စတဲ့ Skill တွေနဲ့ ဝင်ငွေပိုကောင်းတဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၄) Video Editing and Graphic Designer

Digital Marketing နဲ့ Content Creation ကတွဲပြီးသင်ယူထားရမယ့် Skill တွေပါ။ Social Media Marketing အတွက် ဗီဒီယိုတွေဖန်တီးခြင်း၊ လုပ်ငန်းတွေအတွက် ကြော်ငြာရုပ်ပုံတွေ/ဒီဇိုင်းတွေ ဖန်တီးပေးခြင်း၊ ကိုယ်ပိုင် Brand တည်ဆောက် စတဲ့ Skill တွေနဲ့ ဝင်ငွေကောင်းကောင်းရှာဖွေနိုင်ဖို့အတွက် Adobe Premiere Pro/CapCut (Video)၊ Adobe Photoshop/Illustrator/Figma (Design) လို Tools တွေကို ကျွမ်းကျင်အောင် လေ့လာထားရမှာ ဖြစ်ပါတယ်။

(၅) Online Trade

အခုခေတ်မှာ Online Shopping တွေ ပိုများလာတဲ့အတွက် အွန်လိုင်းအရောင်းအဝယ်နဲ့ E-commerce ကို နားလည်တာဟာ ၂၀၂၅ မှာ အလွန်တန်ဖိုးရှိတဲ့ ပညာရပ် ဖြစ်လာပါလိမ့်မယ်။ E-commerce Store တည်ထောင်ပြီး ရောင်းချခြင်း၊ Drop shipping ကဲ့သို့သော ပုံစံမျိုးကို လုပ်ကိုင်ခြင်း၊ လုပ်ငန်းတွေအတွက် E-commerce Platform တွေ စီမံခန့်ခွဲပေးခြင်း စတဲ့ Skill တွေကိုကျွမ်းကျင်ထားရမှာဖြစ်ပါတယ်။

October 1, 2025
© Copyright 2022 | Developed By Impulse International.