𝑬𝒏𝒈𝒍𝒊𝒔𝒉 4 𝑺𝒌𝒊𝒍𝒍𝒔 တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုလေ့ကျင့်ရမလဲ?

ဒီနေ့မှာတော့ lhm တို့အတွက် 𝑬𝒏𝒈𝒍𝒊𝒔𝒉 4 𝑺𝒌𝒊𝒍𝒍𝒔 တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုလေ့ကျင့်ရမလဲ ဆိုတဲ့ Tips လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) နားထောင်မှုစွမ်းရည် Listening Skill

အရိုးရှင်းဆုံးပြောရရင် များများပြောနိုင်ဖို့များများ နားထောင်ပါ။ အဓိက အားနည်းကြတာက (Speaking) အပြောစွမ်းရည် နှင့် (Listening) နားထောင်စွမ်းရည်ပဲ ဖြစ်ပါတယ်။ နားထောင်မူများလေလေ နားမှာစွဲလာလေလေပါ။ သေချာနားထောင်ပါ လိုက်ပြီးပြောကြည့်ပါ။ များများနားထောင်မှ များများပြောတတ်မည်ဖြစ်ပြီး များများစာဖတ်မှ များများရေးသားနိုင်မည်ဖြစ်ပါသည်။ နားထောင်နေရင်းနဲ့ နောက်ကလိုက်ပြီးတော့ ပြောကြည့်ခြင်းကလည်းအပြောစွမ်းရည် တိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
ဘယ်လိုလေယူလေသိမ်းနဲ့ပြောနေတယ်ဆိုတာအစ စကားလုံးတခုချင်းစီမှာသာ အာရုံစိုက်ပြီး နားထောင်ရုံနားထောင်ပါ။ အင်္ဂလိပ်လို ဂီတ၊ သတင်းပေါင်းစုံ၊ ကဏ္ဍအားလုံးကို စုံလင်စွာနဲ့ မတူကွဲပြားသော အသံပါရှိပါတယ် Video, song များကို နားထောင်ပါ။ နားထောင်ခြင်းက ထူးခြားလာပါလိမ့်မယ် Listening နှင့် Speaking နှစ်ခုလုံးကို တိုးတက်စေဖို့အထောက်ကူပြုပါလိမ့်မယ်။

(၂) အပြောစွမ်းရည် Speaking Skill

အပြောစွမ်းရည်တိုးတက်စေဖို့ ရေးထားတဲ့စာအုပ်ကောင်းတွေ အများကြီးရှိပါတယ်။ စာအုပ်ထဲပါတာပဲ အလွတ်ရပြောတတ်နေတာမျိုးမဖြစ်စေပဲ စာအုပ်အပြင်ပါကျော်ထွက်ပြီးစဉ်းစား ပြောတတ်အောင်လေ့ကျင့်ပါ။ ကြက်တူရွေးလို စာလုံးတွေကျက်ပြီးပြောဆိုတာထက် အဓိပ္ပါယ်ကိုသေချာနားလည်အောင်လေ့လာပြီး မှားမှားမှန်မှန်ထွင်ပြီးပြောကြည့်ပါ စာအုပ်ထဲမပါရင် နားမလည် မပြောတတ်တော့မဖြစ်ပါစေနဲ့။

Vocabulary ဝေါဟာရတွေပဲ အလွတ်လိမ့်ကျက်နေပြီး အသဲအသန်ရနေမှ စကားပြောတတ်တာမဟုတ်ပါ။ သာမန်အသုံးလေးတွေမှတ်ပြီး သုံးရင်းလေ့လာရင်လည်းပဲ အင်္ဂလိပ်လိုအသင့်အတင့်ပြောတတ်ပါတယ်။ မှတ်ပါ အရေးအကြီးဆုံးက Speaking skill တိုးတက်ချင်ရင် ပါးစပ်ပိတ်မထားပါနဲ့ ပြောပါမရှက်မကြောက်ပြောပါ ကိုယ်တွေက မိခင်ဘာသာမှမဟုတ်တာ အမှားမကင်းဘူး နောက်မှန်လာအောင်ကြိုးစားပါ မှန်ကန်လာပါလိမ့်မယ်။ မိမိကိုယ်တိုင်က စိတ်ပါဝင်စားစွာ လိုက်ပြီးလေ့လာမှတ်သားပြီး လိုက်လံပြောကြားမူက သင်ရဲ့ Speaking Skill ကိုတိုးတက်စေမှာပါ။ အင်္ဂလိပ်လို မရှက်၊ မကြောက် ရဲရဲပြောတော့ မြန်မြန်တက်ပါတယ်။

(၃) Reading အဖတ်စွမ်းရည်

အဖတ်စွမ်းရည်နှင့်အတူ Writing ပါတိုးတက်လာနိုင်ပါတယ် များများဖတ်ရင်များများရေးနိုင်လာပါတယ်။ ကိုယ့် Level နဲ့မလိုက်တဲ့စာတွေဖတ်နေတာပါ ပျင်းလာနိုင်တယ် အဲ့လိုနဲ့ စွမ်းရည်မတိုးတက်ပါဘူး။ အခြေခံလေးမှာ Short story လေးတွေ ပုံပြစာအုပ်လေးတွေဖတ်ပါအရမ်းရှင်းပြီး လွယ်တဲ့စကားလုံးနဲ့ စာကြောင်းတိုတာလေးတွေဖတ်ပါ။ နောက်သတင်းစာ မဂ္ဂဇင်းတွေဖတ်ပါ ဖြည်းဖြည်းချင်းတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။

အသစ်အဆန်းစာလုံး စာစုတွေတွေ့ရင် သီးသန့်စာအုပ်တစ်အုပ်နဲ့ သူ့ပါတဲ့အသုံးဖော်ပြတဲ့အသုံးကိုရေးမှတ်ပါ။ စာအုပ်ကို ရွေးချယ်တတ်ပါစေ ကိုယ်ဖတ်နိုင်လောက်တဲ့အတိုင်းအတာကိုစဉ်းစားပါ။ သေးသေးမွှားမွှား လေးကစပြီးဖတ်ပါ။ အရေးကြီးတဲ့နောက်တချက်ကတော့ ဘယ်စာဖတ်ဖတ် အသံထွက်ပါ ကိုယ့်အသံကိုကြားနိုင်အောင်အသံထွက်ဖတ်ပါ သင့်ရဲ့ အသံထွက်ကော Speaking အတွက်ပါ လျှာသွက် အာသွက်ဖြစ်လာမှာပါ။

(၄) အရေးစွမ်းရည် Writing Skill

Writing မှာ အသုံးများတဲ့ Grammar Rules တွေကို ကျေညက်အောင်သိထားသင့်ပါတယ်။ ထပ်ပြီးပေါင်းစပ်ဖို့ စာရေးဖို့အတွက် Grammar ကအရေးကြီးဆုံးပါပဲ။ ဒီထဲမှာက တဆင့်ချင်းလေ့ကျင့်ဖို့ကတော့ စာများများဖတ်ပါ။ Basic Grammar , in use စာအုပ်ကိုသုံးပါ လေ့ကျင့်ပါ။ မိမိရဲ့ တနေ့တာလုပ်ဆောင်ချက်တွေကို အင်္ဂလိပ်လိုရေးကြည့်ပါ။ မျက်လုံးကလည်းအမြင်စွဲတော့ ဘယ်နေရာမှားတယ် မှန်တယ်ဆိုတာနောက်ပိုင်း အလွယ်တကူသိလာပါလိမ်မယ်။
ဘာသာစကားတစ်ခုကိုလေ့လာရာမှာ အချိန်ပေးကြိုးစားအားထုတ်စိုက်မှုရှိမှသာ တိုးတက်လာမှာဖြစ်ပါတယ်။

Š Copyright 2022 | Developed By Impulse International.